County Services           How Do I?     

COVID19 Vaccine Registry Form Burmese Language

၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19)
ကာကွယ်ဆေး မှတ်ပုံတင်ခြင်း


ကျွန်ုပ်တို့ အဖွဲ့အစည်း၏ ကျန်းမာရေးနှင့် သာယာစိုပြေရေးသည် ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေး ဖြစ်ပါသည်။ Tompkins ခရိုင် ကျန်းမာရေးဌာန (TCHD) သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှု အဆင့်ဆင့် ပြောင်းလဲခြင်းကို ကာကွယ်ရန်နှင့် တုံ့ပြန်ရန် အဖွဲ့အစည်းမိတ်ဖက်များနှင့်အတူ အနီးကပ် လုပ်ကိုင်ဆောင်ရွက် လျက် ရှိပါသည်။


Vaccine Icon -- Vaccines Protect Us All #7A015BTompkins ခရိုင် ကျန်းမာရေးဌာန
COVID-19
ကာကွယ်ဆေး မှတ်ပုံတင် ဖောင်ပုံစံ

COVID-19 ကာကွယ်ဆေး၏ အရည်အသွေး ပြည့်မီမှုနှင့် ထောက်ပံ့မှု ကျယ်ပြန့်လာသဖြင့် Tompkins ခရိုင် ကျန်းမာရေးဌာန (TCHD) သည် TCHD က နေထိုင်သူများအတွက် သာတူညီမျှစွာ ထုတ်ပေးခြင်းကို ဆက်လက် စီစဉ်လျက် ရှိပါသည်။ ဤမှတ်ပုံတင်ခြင်းသည် ဆေးများ ရရှိလာသည့်အချိန်တွင် ကာကွယ်ဆေးအတွက် လိုအပ်ချက် ကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ရန်နှင့် ကာကွယ်ဆေးထိုးရန် ပြည့်မီသူများနှင့် တိုက်ရိုက် ဆက်သွယ်ရန် ဖြစ်ပါသည်။

TCHD သည် ကာကွယ်ဆေး ရရှိနိုင်ချိန်တွင် ကာကွယ်ဆေး ထိုးရန် ပြည့်မီသူများအား ၁၀၀% တိုက်တွန်း ပါသည်။ ကာကွယ်ဆေး ရရှိနိုင်ချိန်တွင် တစ်ဦးချင်းသည် ဆေးဆိုင်များနှင့် နိုင်ငံတော်မှ လုပ်ဆောင်သော နေရာများမှ တစ်ဆင့် ကာကွယ်ဆေးထိုးရန် ချိန်းဆိုမှုများကို ဆက်လက်ကြိုးပမ်းသင့်သည်။ ဤမှတ်ပုံတင်ခြင်းသည် အဆိုပါ လုပ်ငန်းစဉ်များကို အစားမထိုးပါ။ အခြားနေရာများ မှတစ်ဆင့် ကာကွယ်ဆေးထိုးခြင်း ရယူရန် ဆက်လက် ကြိုးစားပါ။

ဤအချက်အလက်များကို အသုံးပြုမည့် နည်းလမ်း

TCHD သည် ရရှိသည့် ကာကွယ်ဆေး ရက်ချိန်းများအတွက် မှတ်ပုံတင်ရန် အရည်အချင်း ပြည့်မီသည့် အဖွဲ့များအတွက် လင့်ခ်များ (သို့မဟုတ် တစ်ဦးတစ်ယောက်သည် ကွန်ပျူတာ အသုံးပြုနိုင်ခြင်းမရှိသည့် အခြေအနေတွင် ဖုန်းခေါ်ပါ။) ဖြန့်ဖြူးရန် ဤမှတ်ပုံတင်ခြင်းကို အသုံးပြုပါမည်။ ဤမှတ်ပုံတင်ခြင်းသည် ကာကွယ်ဆေး ရက်ချိန်းကို အာမ မခံပါ။ ဖောင်ပုံစံအတွင်း ဖော်ပြထားသည်များမှလွဲ၍ ဤအချက်အလက်များကို မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်း ပြုလုပ်မည်မဟုတ်ပါ။

ဤဖောင်ပုံစံကို အသုံးပြုသည့်နည်းလမ်း
  • သင်၏အချက်အလက်များကို အောက်တွင် မှန်ကန်တိကျစွာ ဖြည့်သွင်းပါ။
  • ကာကွယ်ဆေး ရရှိသည့်အချိန်တွင် ဤဖောင်ပုံစံတွင် သင်ပေးထားသော ဆက်သွယ်ရန် အချက်အလက်ပေါ် မူတည်၍ သင်၏ရက်ချိန်းနေ့ရက်/အချိန် ပြုလုပ်ရန် သင့်ထံသို့ ဖုန်းဆက်/အီးမေးလ် ပို့ပါမည်။
  • သင်သည် စာရင်းတွင်ပါသည့် နေရာကို မေးမြန်းရန် ဖုန်းမခေါ်ပါနှင့်။ ဤသည်မှာ တန်းစီစာရင်း မဟုတ်ပါ။
  • ကွန်ပျူတာ သို့မဟုတ် အင်တာနက် မရှိသူများအတွက် မိတ်ဆွေ၊ မိသားစုဝင် သို့မဟုတ် ၂၁၁ က မှတ်ပုံတင်ပေးနိုင်ပြီး ၎င်းတွင် အင်တာနက်မရရှိကြောင်း ဖော်ပြပေးနိုင်ပါသည်။ ဖော်ပြလျှင် ကာကွယ်ဆေးအတွက် ၎င်းအလှည့်ကျသည့်အချိန်တွင် ထိုသူထံ ဖုန်းဆက်သွယ်ပါမည်။

မှတ်ပုံတင်ခြင်းမှ သင့်အမည်ကို ဖယ်ရှားရန် COVID19vaccines@tompkins-co.org သို့ အီးမေးလ်ပေးပို့ပါ။


ဤနေရာတွင် မှတ်ပုံတင်ပါ။ 

မျဉ်းအောက် မှတ်ပုံတင်ဖောင်ပုံစံကို သင်၏ဘရောက်ဇာတွင် မပြသလျှင် ဖောင်တွင် တောင်းခံထားသော တူညီသည့် အချက်အလက်များ ပေးရန် ၂-၁-၁ သို့ ခေါ်ဆိုပါ။

[Top of Page]